မြန်မာဘာသာ - AI Meets Human Creativity

မြန်မာဘာသာ - AI Meets Human Creativity

မြန်မာဘာသာ - AI Meets Human Creativity

  • Nyein Su

  • 1 minute read

အခုခေတ်က AI ခေတ်ဖြစ်လာပြီ။ ကောင်းကျိုးအများအပြားရှိတယ်။ ဘာကိုမဆိုလေ့လာရာမှာမြန်ဆန်လာတယ်။ သိချင်တာကို ချရေး မေးလိုက်တာနဲ့ အဖြေထွက်လာတယ်။ နောက်ပိုင်းလူရဲ့ခံစားချက်မျိုး ရှိမလာဘူးဆိုတာ မသိနိုင်သေးဘူး။

လောကကြီးမှာ အကောင်းအဆိုးအမြဲဒွန်တွဲနေတော့ AI မှာလည်းအကောင်းအဆိုး ဒွန်တွဲနေမှာပဲ။ ပညာရပ်အသီးသီးမှာ အလျင်အမြန်တိုးတက်မှု့တွေ ဖြစ်ပေါ်နေတယ်။ အနုပညာလောကမှာလည်း AI နဲ့ ဖန်တီးထားတဲ့ Model တွေ ၊ Art တွေ Music တွေ ပေါ်ပေါက်လာနေပြီ။ AI က ပုံတွေဆွဲလာပြီ။ ပန်းချီကားတွေ AI နဲ့ဖန်တီးလာကြပြီ။ ရုပ်ဝတ္ထုပိုပိုဆန်လာတဲ့ earth မှာ အနုပညာတွေများများဖန်တီးပြီး လူသားဆန်ကြဖို့အရေးကြီးတယ်။ မေတ္တာ၊ ကရုဏာ၊ ကြင်နာတရား၊ သစ္စာ တရားတွေ တဖြည်းဖြည်းပျောက်ဆုံးလာကြပြီ။ 

လူတွေရဲ့ ဖန်တီးနိုင်စွမ်း၊ ခံစားချက်အတိုင်းထွက်လာတဲ့ အသစ်ဖြစ်တည်မှုတွေက အရမ်းအဖိုးတန်လာပြီ။ အတွေးအခေါ်အသစ်၊ ခံစားချက်အသစ်တွေကို များများဖန်တီးပေးရမယ်။ 

ဒီ Art-Eyed fine art ကလည်း ခေတ်နဲ့ အညီ online platform တခုပေါ့။ ကမ္ဘာအရပ်ရပ်ကနေ လေ့လာလို့ရပြီ။ သင်ကြားလို့ရပြီ။ အနုပညာရပ်တွေကို နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ လူတန်းစားမရွေး သင်ကြားတတ်မြောက်နိုင်တဲ့ အနေအထားတရပ်ဖြစ်နေပြီ။ မိုးရွာတုန်းရေခံဆိုသလို အချိန်ဆိုင်းမနေဘဲ ခေတ်ရေစီးကြောင်းအတိုင်း အလွယ်တကူ အနုပညာတွေကိုလေ့လာကြရအောင်။ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်း၊ ခံစားနိုင်စွမ်းကို Art-Eyed Fine Art Platform ကနေ သင်ကြားပြီး မြှင့်တင်ကြရအောင်။ 

ငြိမ်းစု 

Jan 2025