မေးလေ့ရှိသောမေးခွန်းများ

ယေဘုယျအချက်အလက်များ

Art-Eyed ဆိုတာဘာလဲ?

Art-Eyed သည် ရေဆေး၊ ဆီဆေး၊ acrylic၊ mixed media နှင့် အနုပညာဖန်တီးနိုင်အောင် သင်ခန်းစာများပို့ချပေးသည့် အွန်လိုင်းအနုပညာပလက်ဖောင်းတစ်ခုပါ။

သင်တန်းသားအဆင့်မရွေးဘဲ ကိုယ်ပိုင်အနုပညာဖန်တီးနိုင်သည်အထိသင်ယူနိုင်ဖို့သင်ရိုးရေးဆွဲထားသည့်သင်တန်းဖြစ်ပါတယ်။

ဘယ်လိုလူမျိုးတွေ Art-Eyed သင်တန်းကို တက်နိုင်မလဲ?

ပန်းချီလုံးဝမရေးဖူးသူကနေ အတွေ့အကြုံရှိပန်းချီရေးသူများအထိ မည်သူမဆိုလေ့လာသင်ယူနိုင်ဖို့ရေးဆွဲထားတဲ့သင်ရိုးဖြစ်ပြီး အသက် ၁၀ နှစ်နှင့်အထက်မှ စတင်တက်ရောက်နိုင်ပါတယ်။

ပန်းချီရေးဖူးတဲ့အတွေ့အကြုံရှိထားဖို့လိုမလား?

လုံးဝမလိုပါ။

သင်ခန်းစာများဟာ အခြေခံကနေ အဆင့်မြင့်အထိ တစ်ဆင့်ချင်းစနစ်တကျသင်ကြားပေးထားတာဖြစ်လို့ အားလုံးနှင့် အံဝင်ပါတယ်။

သင်ရိုးနှင့်ဆိုင်သော မေးခွန်းများ

Art-Eyed မှာဘယ်လို ပန်းချီသင်ခန်းစာတွေ သင်ကြားပေးမလဲ?

ရေဆေးနည်းစနစ်တွေ၊ drawing၊ abstract နှင့် realistic art စတဲ့ပန်းချီနှင့်ဆိုင်တာအားလုံးပါမယ်။ 

ကိုယ်ပိုင်ဟန်ရလာသည်အထိလေ့ကျင့်နိုင်မည့်အနုပညာဖန်တီးမှုပညာစုံပါဝင်ပါတယ်။

လက်ရှိပန်းချီရေးနေတဲ့အနုပညာသမားများအတွက်လည်း medium အသစ်တွေ၊မတူတဲ့စနစ်သစ်များနှင့်အမြင်အသစ်အဆန်းများရရှိစေမှာပါ။

သင်ခန်းစာတစ်မျိုးထက်ပိုပြီး တစ်ပြိုင်နက်တက်လို့ရမလား?

ရတာပေါ့။

မိမိကြိုက်နှစ်သက်ရာသင်ခန်းများကိုစာရင်းသွင်းပြီး၊ မိမိအချိန်ပေးနိုင်သလောက်လေ့လာယုံပါပဲ။ အကယ်၍သင်ဟာ အခြေခံလုံးဝရှိမထားသေးဘဲ ခုမှစပြီးလေ့လာမယ်ဆိုလျင်တော့ beginner drawing courses မှစပြီးလေ့လာသင့်ပါတယ်။ 


စပြီးလေ့လာဖို့ ဘယ်လိုစာရင်းသွင်း(enroll) ရမလဲ?

မိမိအဆင်ပြေမယ့် ပလတ်ဖောင်း(အပလီကေးရှင်းဖြစ်စေ၊ ဝဘ်ဆိုဒ်ဖြစ်စေ) မှ ကြိုက်နှစ်သက်ရာသင်ခန်းစာကို sign up လုပ်ပြီးတာနှင့် ချက်ချင်းပဲအသုံးပြုလို့ရပါပြီ။

သင်ခန်းစာအချိန်သတ်မှတ်ထားတာမျိုးရှိမလား?

မရှိပါ။ အချိန်မရွေး နေရာမရွေး မိမိအဆင်ပြေသလို လေ့လာနိုင်ဖို့ app ရော web နှင့်ပါပြင်ဆင်ပေးထားပါတယ်။

လိုအပ်သော သင်ထောက်ကူပစ္စည်းများ

ဘယ်လို သင်ထောက်ကူပစ္စည်းတွေလိုမလဲ?

သင်ခန်းစာတစ်ခုချင်းစီမှာ လိုအပ်မည့် ဆေး၊ စုတ်တံ၊ စက္ကူ အမျိုးအစားများဖော်ပြပေးထားပါတယ်။ သင်ခန်းစာအများစုအတွက်တော့ အခြေခံစာရေးကိရိယာများသာလိုအပ်မှာပါ။

အပြန်အလှန်ဆက်သွယ်မှုနှင့် ကူညီမှုများ

ဆရာတွေနှင့် အခြားသောသင်တန်းသားတွေနှင့် မေးမြန်းပြောဆိုဆွေးနွေးတာမျိုးရှိသလား?

ရှိတာပေါ့။

ဆရာတွေနှင့် video ကတစ်ဆင့်မေးမြန်းဆေးတွေးနိုင်မှာပါ။ အခြားသင်တန်းသားတွေနှင့်လည်း ဖိုရမ် (forum)တွေ၊ အဖွဲ့လိုက်ဆွေးနွေးဖလှယ်(group discussion) တာတွေ သင်ရိုးအမျိုးအစားအလိုက်ရှိပါတယ်။

ရေးနည်းစနစ်၊ သို့မဟုတ် assignment တွေအတွက်အကူအညီလိုလျင်ဘယ်လိုလုပ်မလဲ?

ဆရာတွေကို ကူညီညွှန်ကြားပေးနိုင်ပါတယ်။ Premium ပရ်ီမီယမ် အသုံးပြုတဲ့သူတွေအဖို့ ဆရာတွေဆီက အကြံပြုချက်များကို ဆိုင်ရာသင်ခန်းစာတွေမှ ရရှိနိုင်ပါတယ်။

အသုံးပြုခွင့်နှင့် တိုးတက်မှုအခြေအနေ

သင်ခန်းစာတွေကို ဘယ်လောက်ကြာကြာသုံးခွင့်ရမလဲ?

မိမိလစာပေးသွင်း enroll ထားတဲ့သင်ရိုးအတွက်တစ်လလုံးအသုံးပြုနိုင်ပါတယ်။

သင်ရိုးတစ်ခုပြီးဆုံးတဲ့အခါ အောင်လက်မှတ် Certificate ရမလား?

ရတာပေါ့။ သင်ရိုးတစ်ခုပြီးဆုံးတိုင်း အောင်လက်မှတ်ပေးသွားမှာပါ။

မိမိရဲ့တိုးတက်မှုအခြေအနေကို ဘယ်လိုသိနိုင်မလဲ?

ဒီ app ဟာ သင့်ရဲ့တိုးတက်မှုအခြေအနေကို အလွယ်တကူဆန်းစစ်ဖို့နှင့် ပြီးခဲ့တဲ့သင်ခန်းစာများကို ပြန်လည်ကြည့်ရှုလို့ရဖို့ စီစဉ်ပေးထားပါတယ်။ မိမိသင်ယူပြီးသား သင်ခန်းစာကို ပြီးဆုံးကြောင်းမှတ်သားထားနိုင်သလို၊ အချိန်မရွေးပြန်ပြီးကြည့်မယ်ဆိုလည်း ရပါတယ်။

အခမဲ့အစမ်းသုံးခြင်းနှင့် လစာပေးသွင်းမှု

အခမဲ့အစမ်းသုံးကြည့်လို့ရမလား?

သင်ခန်းစာအမြည်းများကိုအစမ်းသုံးကြည့်ပြီးမှ စိတ်ကြိုက်သင်ရိုးအပြည့်အစုံကိုဝယ်ယူနိုင်ဖို့ စီမံထားပါတယ်။

လစာဘယ်လိုနည်းတွေနှင့် ပေးသွင်းရမလဲ?

ခရက်ဒစ်ကဒ် credit/debit နှင့် Apple Pay၊ Google pay စတဲ့ online ပေးသွင်းမှုများလက်ခံပါတယ်။

© Copyright Art Eyed 2025