Cosmos Flowers (Free Lesson)

Watercolour

Cosmos ပန်းများသည် တောက်ပလှပသောအရောင်များနှင့် ပုံစံကျသောအရွက်များကြောင့် ရေဆေးဖြင့်ပန်းချီဆွဲရန်အထူးသင့်တော်ပါသည်။ ပျော့ပြောင်းသောပုံသဏ္ဌာန်၊ တောက်ပသောအရောင်ပြောင်းလဲမှုများသည် ပေါ့ပါးလွယ်ကူသောအလှတရားကိုဖော်ပြနိုင်သဖြင့် ပန်းချီလေ့ကျင့်ရန်အတွက် အထူးသင့်လျော်ပါသည်။
Widget image

ရေဆေးဖြင့် Cosmos ပန်း ရေးဆွဲနည်း – လွယ်ကူပြီး ရိုးရှင်းသောလမ်းညွှန်

Cosmos ပန်းများကို ရေဆေးဖြင့် ဆွဲခြင်းသည် ပျော်ရွှင်ဖွယ်နှင့် စိတ်အေးချမ်းစေတဲ့ ခံစားချက်မျိုးဖြစ်စေပါတယ်။ ရိုးရှင်းတဲ့နည်းလမ်းဖြင့် လှပသောပန်းအဖွဲ့ဖန်တီးနိုင်ပါသည်။ သင်သည် ပန်းချီအသစ်စတင်သူတစ်ဦးဖြစ်စေ၊ အတွေ့အကြုံရှိသူတစ်ဦးဖြစ်စေ၊ ဒီအဆင့်အလိုက်လမ်းညွှန်အတိုင်းလိုက်နာ၍ Cosmos ပန်းများကိုအသက်ဝင်လာအောင် ပန်းချီဆွဲနိုင်ပါတယ်။
  • အောက်လိုင်းကောက်ရာမှာ အရမ်းတိကျနေဖို့ မလိုအပ်ပါ – စိတ်ကြိုက်ရေးဆွဲလိုက်ပါ။ ပန်းများကို မတူညီသောထောင့်များဖြစ်အောင်၊ တစ်ချို့ကို ကွေးအောင်၊ တစ်ချို့ကို တည့်အောင် ထားခြင်းဖြင့် ပုံစံမျိုးစုံဖြစ်အောင်ရေးဆွဲနိုင်ပါသည်။

  • နောက်ခံအတွက် ရေအရင်သုတ်လိုက်ပါ – ပန်းရှိတဲ့နေရာများကိုခြောက်သွေ့အောင်ထား၍ ၎င်းတို့၏ အလင်းတောက်ပမှုနှင့် ကြားခံအရောင်ကို ထိန်းသိမ်းနိုင်စေပါသည်။

  • သင်အကြိုက်ဆုံးအရောင်များကို ရွေးချယ်ပါ – အရောင်မျိုးစုံကို စမ်းသပ်အသုံးပြုပြီး သင့်ပန်းချီကို ထူးခြားအောင်ဖန်တီးနိုင်ပါသည်။

  • လွတ်လပ်စွာခံစားရေးဆွဲပါ။ – ပုံကူးချဖို့ မလိုအပ်ပါ! မိမိရဲ့ဖန်တီးမှုနိုင်မှု့ စွမ်းအားကို သဘာဝအတိုင်းလှုပ်ရှားခိုင်းလိုက်ပါ။

ဘာကြောင့် Cosmos ပန်းများကို ရေဆေးဖြင့် ပန်းချီဆွဲခြင်းက အထူးသင့်လျော်တာလဲ?

ရေဆေးသည် ကြည်ပါးလွှာပြီး ပျော့ပျောင်းနူးညံတဲ့ပွင့်ချပ်လေးတွေနဲ့ အနုပညာဆန်တဲ့ ပန်းချီကားနောက်ခံလေးကို ဖန်တီးခွင့်ပေးတယ်။ ရေဆေးသည် သဘာဝဆန်လို့ Cosmos ပန်းများ၏သဘာဝအလှကို ပိုမိုကောင်းမွန်စွာဖော်ပြနိုင်သည့်အပြင် ရေဆေး ဆွဲနေစဥ်မှာလည်း စိတ်အေးချမ်းသာပြီး ပျော်ရွှင်ဖွယ်ကောင်းပါသည်။

သစ္စာပန်း (Free Lesson)

Colored pencils

သစ္စာပန်းအနီရောင်လေးကို color pencil နဲ့ဆွဲပြမှာဖြစ်ပါတယ်။ အရောင်အများကြီးသူံးစရာမလိုဘဲ နဲ့ အနီနဲ့ ခရမ်းကိုအဓိက ထားသုံးသွားတာပါ။
Widget image

အရောင်အသုံးပြုမှု (Color Use & Expression)

အနီတစ်ရောင်ထဲအတွင်းမှာပဲ

—လိမ္မော်ဘက်သွားတဲ့အနီ —ပန်းရောင်သန်းတဲ့အနီ —မရမ်းရောင်အနီ

ဒီလိုကွဲပြားတဲ့အနီတွေကို သေသပ်အောင် ခွဲခြားပြီး ပန်းပွင့်တစ်ပွင့်အတိုင်း အသွင်အပြင်ကိုဖော်ပြထားပါတယ်။

ပုံသဏ္ဍာန်နဲ့ ခံစားမှု (Form & Mood)

ပန်းဖြစ်တဲ့အနေနဲ့ ပျော့တဲ့ခံစားမှုနှင့် ကွေးညွှတ်ခုံးနေတဲ့ ပွင့်ချပ်လေးတွေကို စိတ်ရှည်ရှည်နဲ့ layer-by-layer ဆွဲပြထားပါတယ်။
အနီရောင်ထဲကမှ ပိုမိုမတူတဲ့အနီတွေကို သတိထား မြင်နိုင်ဖို့ ဆွဲထားတာဖြစ်ပါတယ်။

လိုအပ်တဲ့ပန်းချီပစ္စည်းများ

  • Colored pencils (အနီ နှင့် ခရမ်း  tones)

  • Drawing paper

  • Size: A4

  • ကြာချိန်- ၄ နာရီဝန်းကျင်

© Copyright Art Eyed 2025